သမ္မတဦးသိန်းစိန်၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်
မြန်မာ သမ္မတ ဦးသိန်းစိန်သည် သူ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၏ ဖိတ်ကြားချက်အရ သုံးရက်ကြာ မြန်မာ သမ္မတ၏ ဘင်္ဂလာဒေခ်ျ့ ခရီးစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိ တစ်ဦးအား ကိုးကားပြီး The Newage သတင်းစာက ဖေါ်ပြသည်။
မြန်မာ သမ္မတ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရောက်ရှိနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကိစ္စကို အဓိကထားပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံက တင်ပြ ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းတွင် ရေးသားထားသည်။
ဒုက္ခသည် အရေးကိစ္စအပြင် လမ်းပမ်းဆက်သွယ်ရေး ကိစ္စ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ၊ နယ်စပ်ရေးရာ လုံခြုံရေး ကိစ္စ၊ စီးပွားရေး ပူးပေါင်း မြှင့်တင်ရေး ကိစ္စ၊ နိုင်ငံခြား ခရီးသွားလုပ်ငန်း မြင့်တင်ရေး ကိစ္စ၊ ပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို လည်း သမ္မတ ဦးသိန်းစိန် ခရီးစဉ် အတွင်း အလေးပေး ဆွေးနွေးကြမည်ဟု ဆိုသည်။
မြန်မာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့်သည် သမ္မတ ဦးသိန်းစိန် ခရီးစဉ်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး စီစဉ်ရန် ရှေ့ပြေး အနေဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် ဒက္ကားမြို့သို့ ရောက်ရှိလာမည် ဟု သိရသည်။

တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက်သုံးစွဲနိုင်မယ့် Mobile E-mail Service
Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
Wednesday 20th June 2012
Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့် Mobile E-mail Service ၀န်ဆောင်မှုကို ဇွန်လ ၁၅ ရက်
နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင် အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံးပြု နိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သီလရှင်ဝတ်မယ့် သင်ဇာဝင့်ကျော်
ယခုနှစ် သင်္ကြန်ကာလပြီး ကတည်းက ပြင်ဦးလွင်မြို့တွင် ဗီဒီယို ဇာတ်ကားများသွားရောက် ရိုက်ကူးခဲ့ပြီး ယခုအချိန်တွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရန်ပုံငွေဖျော်ဖြေပွဲအတွက် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်နေသော သင်ဇာ ဝင့်ကျော် က ဇူလိုင်လအတွင်း သီလရှင်ဝတ်ရန် စီစဉ်ထားကြောင်း 7 Day News သို့ ပြောသည်။
" ၇ လပိုင်းလကုန်လောက် ဒါမှမဟုတ် လလယ်ပိုင်းလောက် ဖြစ်ဖြစ် သီလရှင်ဝတ်ဖြစ်မယ်။ မွေးနေ့ကြောင့်လည်း မဟုတ်ပါ ဘူး။ ဒီတိုင်းပဲ ဝတ်ချင်လို့ ဝတ်ဖြစ်မှာပါ"ဟု သူမကပြောသည်။ ယခုနှစ်သင်္ကြန်ကာလအတွင်း သူမ၏ဝတ်စားဆင်ယင်မှု သတင်းများနှင့် သူမ၏ ဖခင်နှင့်ပတ်သက်သည့်သတင်းများအပေါ် သင်ဇာဝင့်ကျော်က "အဲဒီအကြောင်းတွေဘာမှမပြောချင်ပါဘူး။ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝနဲ့ ပြင်ပကလူမှုဘဝကိုလည်းြေူ-ခေညန မျှအောင် ဘယ်တော့မှမစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝဆိုတာ တိုတိုလေး။ ကိုယ်နေနေကျ လိုက်ဖ်စတိုင်လ်အတိုင်းနေမယ်။ အဓိက အရေးကြီးတာက ကိုယ်ဒီလိုအလုပ်လုပ်နေတဲ့အတွက် ဒီအလုပ်ပေါ်စေတနာထားဖို့ အရေးကြီးတယ်" ဟု ဖြေကြားသွားခဲ့သည်။
မေလအတွင်း ဗီဒီယိုဇာတ်ကားတစ်ကားကိုလက်ကျန်ဇာတ်ဝင်ခန်းများ ရိုက်ကူးပေးရန်ရှိပြီး ပြင်ဦးလွင်တွင်ရိုက်ကူးခဲ့သော 'တက်တူး' ဗီဒီယိုဇာတ်ကား ဇာတ်ဝင်ခန်းအတွက် တက်တူးများထိုးခဲ့ရာ တက်တူးထိုးခြင်းအပေါ် သူမ၏ အမြင်ကိုမေးရာ၌ " တက်တူးကို ကြိုက်လို့ထိုးခဲ့တာပါ။ လူစိတ်ဝင်စားအောင်ထိုးတာမဟုတ်ပါဘူး။ ဒီဇာတ်ကားကာရိုက်တာဝင်အောင် ထိုးတာလည်းမဟုတ်ပါဘူး"ဟု ပြောသည်။

ကိုယ့်ကြောင့် သူများထမင်းလုတ် ပြုတ်ကျသွားမဲ့ အလုပ်ကို ဘယ်တော့မှမလုပ်တဲ့ ချောရတနာ
အနုပညာ လောကမှာ သူ့ကို ပေါချောလို့ ချစ်စနိုး ခေါ်ကြပါတယ်။ အားလုံးနဲ့
အဆင်ပြေအောင် နေတတ်ပြီး မာနမထားဘဲ အမြဲရယ်မော ပျော်ရွှင်နေတတ်တဲ့ သူ့ကို မျက်နှာချင်းဆိုင် စကားပြောကြည့်လိုက်တဲ့ အခါမှာ.......
ခုလတ်တလော မချောဘာတွေလုပ်နေလဲ
ကားရိုက်တော့ မရှိတော့ဘူး။ အငြိမ့်တွေ ကဖြစ်တယ်။ ကိုကြီးခင်လှိုင်တို့၊ ကိုဒိန်းဒေါင်တို့နဲ့ အငြိမ့်တွေ နယ်ကိုထွက်ကဖြစ်တာ အိမ်မှာ မရှိသလောက်ပဲ။
ခုနောက်ပိုင်း Vamp (ဗီလိန်) တွေ ရိုက်ဖြစ်တယ်နော်
ဟုတ်တယ်။ ကိုယ်လုပ်ရတာ Vamp ဆိုပေမယ့် ပရိသတ် နှစ်သက်တယ် ဆိုရင် ဝမ်းသာတယ်။ ကိုယ်ကိုယ်တိုင်လည်း Vampကို လုပ်ရတာပိုပြီး သရုပ်ဆောင် ကောင်းတယ်လို့ ထင်တယ်။
တကယ် Vamp ဖြစ်အောင် ဘယ်လို mood ထည့်လဲ
ကိုယ်လုပ်တဲ့ Vamp (ဗီလိန်) ကာရိုက်တာကို လူအရမ်း မောမှာစိုးလို့ ထိန်းလုပ်ဖူးတယ်။ ထိန်းလုပ်ရင် လျော့သွားရော။ မကောင်းဘူး၊ မောရင် မောပါစေဆိုပြီး ဖွင့်လုပ်မှ ကောင်းတယ်။ Result ထွက်လာရင် ကွာတယ်။
Senior တွေနဲ့ သရုပ်ဆောင်ရတဲ့အခါ ဘယ်လိုခံစားရလဲ
ကိုယ့်ရဲ့ Senior တွေနဲ့ သရုပ်ဆောင်တဲ့အခါ ချောက အတတ်နိုင်ဆုံး အမှားအယွင်း မဖြစ်အောင် ဂရုစိုက်တယ်။ ကြိုးစားပြီး သရုပ်ဆောင်တယ်။ ကြိုးစားရင် ကြိုးစားတဲ့သူကို သူတို့က တန်ဖိုးထားပါတယ်။ ကြိုးစားတဲ့သူကို သင်ပေးချင်တယ်။ ပြောပြချင်တယ်။ ကိုယ်ကလည်း Senior တွေကို လိုအပ်တာတွေ သင်ပြပေးပါနော် ဆိုပြီးပြောတယ်။ သူတို့ကလည်း ကိုယ့်ကို ချစ်ခင်ပြီး လိုအပ်တာတွေ ပြောပြပေးတယ်။
Senior တွေကိုလန့်တာ ကြောက်တာတွေ ရှိလား။
အခုတော့ မရှိတော့ပါဘူး။ အရင်တုန်းကတော့ ရှိတယ်။ ကိုသားကြီး (ဒွေး) နဲ့ ဓာတ်ပုံရိုက်တုန်းက ကြောက်ပြီး ဒူးတွေ ရိုက်နေတာ ဖြစ်ခဲ့တယ်။ အဆင်မပြေခဲ့ဘူး။ အခုတော့ လန့်တာကြောက်တာ မရှိတော့ပါဘူး။ နောက်ပြီး mood မရသေးရင် မရသေးဘူးဆိုပြီး ပွင့်ပွင့် လင်းလင်း ပြောဖို့လိုတယ်။
Senior တွေဆီက ဘယ်လို ဆောင်ပုဒ်မျိုး ကြားဖူးလဲ
ကိုရန်လေးဖြေတဲ့ အင်တာဗျူးတစ်ခု ဖတ်ဖူးတယ်။ “ကိုယ့်ကိုယ်ကိုယ် သိတယ်တတ်တယ်လို့ ထင်တဲ့နေ့က ကျရှုံးမဲ့နေ့လို့” ကိုရန်လေး ဖြေခဲ့ဖူးတယ်။ အဲဒီစကားက သိပ်မှန်ပါတယ်။
အိမ်ထောင်ပြုဖို့ အရွယ်လည်း ရောက်နေပြီနော်။
ဟုတ်တယ်။ အိမ်ထောင်ပြုဖို့ အရွယ်ရောက်နေပါပြီ။ ဒါပေမဲ့ အချိန်မကျသေးလို့ပါ (ရယ်လျက်)
ဂျာနယ်တစ်စောင်မှာ အတူ အလှူလုပ်ခဲ့တဲ့ အမျိုးသားတစ်ဦးက မချောရဲ့ ဖူးစာရှင်လား။
အဲဒါတော့ ဟုတ်ပါတယ်။
သူနဲ့ပတ်သက်ပြီး ပြောပြပါဦး။
ဘာမှတော့ ပြောစရာမရှိပါဘူး။ ချောတို့က ရည်းစားဖြစ်တာလည်း ကြာပါပြီ။ ချွဲချွဲနွဲ့နွဲ့ ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောရမယ့် အရွယ်တွေလည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်က နားလည်ကြပါတယ်။ သူက စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ပါ။ အိမ်ထောင်ပြုဖို့ ကတော့ သေချာမှပဲ ပရိသတ်ကို ပြောပြပါမယ်။
ကိုယ်ရွေးထားတဲ့ အိမ်ထောင်ဘက်ကရော မချောအတွက် စိတ်တိုင်းကျရဲ့လား။
စိတ်တိုင်းကျပါတယ်။ အကုန်လုံး အစစအရာရာ အဆင်ပြေပါတယ်။ လိုအပ်ချက်ရှိရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ညှိကြရမှာပေါ့။
ကိုယ့်ဘက်က စိတ်ထားကိုရော ဘယ်လိုထားလဲ။
အခု အသက်ကြီးလာတော့ စိတ်က မရှည်ချင်ဘူး (ရယ်လျက်) ဒါပေမဲ့ ချောက အတတ်နိုင်ဆုံးတော့ သူများတွေကိုယ့်ကြောင့် ပျော်ရွှင်သွားတာပဲ ဖြစ်စေချင်တယ်။ သူများတွေ ကိုယ့်ကြောင့် ပျော်သွားရင် ကိုယ်လည်း တန်ပြန်ပြီး စိတ်ချမ်းသာတယ်။ ကိုယ့်ကြောင့် သူများတွေ စိတ်အနှောင့်အယှက် မဖြစ်အောင် အမြဲတမ်း ကြိုးစားပြီးနေတယ်။ သည်းခံပြီးနေတယ်။ ကိုယ့်ကြောင့် သူများထမင်းလုတ် ပြုတ်ကျသွားမဲ့ အလုပ်ကို ဘယ်တော့မှ မလုပ်ဘူး။ အဓိက ရှောင်တယ်။ သူများကို ယုတ်မာတဲ့ စိတ်မထားဘူး။
နယ်ပရိသတ်ရဲ့ အထိအတွေ့ကရော
နယ်မှာတော့ ပရိသတ်တွေက အနုပညာရှင် ဖြစ်ရင်ပြီးရော၊ ချောရတနာရယ်မှလည်း မဟုတ်ဘူး။ ဘယ်သရုပ်ဆောင် လာလာ သူတို့က သရုပ်ဆောင် ဖြစ်ရင်ပြီးရော။ သရုပ်ဆောင်တွေကို အပြင်မှာတွေ့ဖို့က ခဲယဉ်းတော့ သရုပ်ဆောင်ဖြစ်ရင် ပြီးရော။ အားပေးကြတယ်။
ပရိသတ်ကိုရော ဘာပြောချင်လဲ။
ချောကို အနုပညာ လမ်းကြောင်းပေါ်က မပျောက်သွားအောင် အခုထက်ထိ အားပေးနေတဲ့ ပရိသတ်တွေကို ချောက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ပရိသတ် အားပေးနေလို့လည်း အခုထက်ထိ အနုပညာ အလုပ်တွေ လုပ်နေရတာပါလို့။

အမေကျော်ဒွေးတော်လွမ်းကြသူ ပြည်ပ သတင်းမီဒီယာများသို့
တလျှောက်လုံးလိုလို- ဘင်္ဂါလီကို ရိုဟင်ဂျာဆိုပြီး အသက်သွင်းပေးနေတဲ့ လူပုဂ္ဂိုလ်တွေ ခင်ဗျားတို့တွေ- ခု ရခိုင်ပြည်မှာ ရခိုင်ဌာနေတိုင်းရင်းသားတွေ ခံနေရတာတွေ ခင်ဗျားတို့တွေ သိလောက်ရောပေါ့။
ရခိုင်အမျိုးသမီးကို ဘင်္ဂါလီမူဆလင်(ရိုဟင်ဂျာအမည်ခံ) (၃)ယောက်က အတင်းအဓမ္မကျင့် လည်လှီး ရက်ရက်စက်စက်သတ်ဖြတ်တာကိုကျတော့ ခင်ဗျားတို့ သိပ်သိမြင်ချင်ကြပုံ မပေါ်ဘူး။ ရခိုင်တွေဟာ ဘယ်လူမျိုးကိုမှ အဲလိုမျိုး ရက်စက်ရမ်းကားခဲ့ဖူးတာ မရှိခဲ့ဖူးဘူးဆိုရင် မမှားနိုင်ဘူး။ ရခိုင်တွေကိုပဲ ဘင်္ဂါလီမူဆလင်တွေက အဲလိုလုပ်တာခံလာခဲ့ရတာပဲရှိတာ။ မူဂျာဟစ်- ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီတွေဟာ ခုလိုမျိုးဘဲ ရခိုင်တွေ ထောင်ပေါင်းများစွာကိုသတ်၊ ရခိုင်သ္မီးပျိုလေးတွေကို မိဘ၊မောင်ဖွားရှေ့မှာ ဓားထောက်အတင်းအဓမ္မစော်ကား- ရခိုင်ရွာတွေကို မီးရှုံးဖျက်ဆီးတာတွေကို ရခိုင်တွေ အများကြီးခံစားလာခဲ့ကြရတာ။ ဒါတွေကျတော့ ခင်ဗျားတို့ မသိမမြင်ချင်ယောင်ဆောင်နေတာဟာ ခင်ဗျားတို့ရဲ့ ရခိုင်လူမျိုးတွေအပေါ်မှာထားတဲ့ တိုင်းရင်းသား စိတ်ဓာတ်ဆိုတာများလား။
ခုလဲ ဘ၀အရေးအတွက် နွမ်းနွမ်းပါးပါး ရိုးသားစွာ လုပ်ကိုင်ရပ်တည်နေတဲ့ ရခိုင်အမျိုးသ္မီးလေးတယောက်ကို ဘင်္ဂါလီမူဆလင် (၃)ယောက်က အဓမ္မကျင့် ရက်ရက်စက်စက်သတ်ဖြတ်ပြီးမှသာ- အဲဖြစ်ရပ်နောက်ပိုင်းမှ ရခိုင်တွေကမခံနိုင်လို့ တုံ့ပြန်တာကိုကျတော့ ရခိုင်တွေကို ရမ်းကားသူတွေလဲဘာလဲ အပြစ်ပုံချင်ကြတယ်။ ကျနော်ပြောချင်တာ အကြမ်းဖက်တာကို လက်ခံအားပေးတဲ့သဘောမပါဘူး။ ဆိုလိုချင်တာက အဲလိုဖြစ်လာရတဲ့ ပြဿနာကို ဘက်လိုက်မှုကင်းကင်းနဲ့ ရှုမြင်ကာကွယ် တားဆီးဖို့လိုတာကို ထောက်ပြနေတာ။ ခင်ဗျားတို့တွေခုလိုမျိုး ဘင်္ဂါလီကို အားပေးအားမြှောက်လုပ်ပေးနေလို့- ရခိုင်တို့ရဲ့ အမျိုးသားရေး လက္ခဏာတွေ ပျောက်ကွယ်တော့မယ်။ ခင်ဗျားတို့တွေရဲ့ ဗမာအမျိုးသ္မီးကို ဘင်္ဂါလီတွေ အဲလိုပြုကျင့်ရင်- ခင်ဗျားတို့တွေ သည်းခံ သဘောထားကြီးနိုင်ပါ့မလား။
ဗမာတွေဟာ ရခိုင်တို့ရဲ့ရန်သူမဟုတ်သလို ဘင်္ဂါလီတွေရောပဲ။ ဒါပေမဲ့အမျိုးသားရေး လက္ခဏာကို ထိပါးလာနေတာကိုတော့ သမိုင်းပေးတာဝန် အမျိုးသားရေး တာဝန် သတိအသိအရ ကာကွယ်ရမှာဟာ လူတိုင်းရဲ့တာဝန်ပါဘဲ။
ရခိုင်လူမျိုးတွေဟာ၊ ဘင်္ဂါလီ(ရိုဟင်ဂျာအမည်ခံ)တွေရဲ့ ရက်စက်ရမ်းကားမှုတွေကို- ခေတ်အဆက်ဆက် ခံလာရတာကို ဘယ်လူတွေက ဘာကာကွယ်ပေးခဲ့လို့လဲ။ တဖြေးဖြေးနဲ့ ရခိုင်တို့ရဲ့ အမျိုးသားရေး လက္ခဏာတွေသာ ၀ါးမြို ဖျက်ဆီးခံရလို့ အားလုံးနီးပါး ပျောက်ကွယ်ကုန်ပြီ။ ကျုပ်ပြောနေတာဟာ ဘယ်လူမျိုးကိုမှ မုန်းတီးတဲ့စိတ်မပါဘူး။ လူတိုင်းဟာ ကိုယ့်ရဲ့အမျိုးသားရေးလက္ခဏာကို ကာကွယ်ခွင့်ရှိတယ်။ ဒါဟာ လူ့အခွင့်အရေးမည်တယ်။ ဒီဘင်္ဂါလီတွေဟာ တရားဝင်နေထိုခွင့်ရှိလို့- ဌာနေတိုင်းရင်းသားတွေကို ဒုက္ခမပေးဘဲ အေးအေးချမ်းချမ်းနဲ့ နေထိုင်ရင် ကျုပ်တို့က အတင်းမောင်းထုတ်ပြစ်ဖို့လဲမတောင်းဆိုဘူး။ ရခိုင်တွေဟာ ဗုဒ္ဓတရားဓမအဆုံးအမကိုသက်ဝင်ယုံကြည်ကြသူများနည်းတူ- အဲဒီဗုဒ္ဓတရားတော်တွေထဲမှာပါတဲ့အတိုင်းဘဲ တပါးလူတွေရဲ့အခွင့်အရေးကို လေးစားလိုက်နာရမှာတို့၊ မေတ္တာထားသဘောထားကြီးရမှာတို့ဆိုတာကို လက်ခံယုံကြည်ကြသူများဖြစ်တယ်။ တဖက်မှာလဲ ကိုယ့်ရဲ့အခွင့်အရေး၊ အမျိုးသားရေးလက္ခဏာတွေကို ကာကွယ်ရမယ်ဆိုတာဟာ လူသားတိုင်းရဲ့ ဗီဇအသိတွေထဲကတခုပါဘဲ။ ကိုယ့်အမျိုးကိုကာကွယ်စောင့်ရှောက်ရမည်မှာ လူသားမှာပဲရှိတဲ့အသိပဲ။ ဘယ်လူမှလဲတိုက်တွန်းနေစရာမလိုပါဘူး။
တရားဥပဒေစိုးမိုးရေးကို လူတိုင်း လိုလားတယ်။ တရားဥပဒေစိုးမိုးမှသာ လူ့ဘောင်သာယာ ငြိမ်းချမ်းမယ်ဆိုတာယုံကြည်တယ်။ တဖက်မှာလဲ ပြဿနာ အကြောင်းအရာတခုအပေါ်မှာ ဘက်နှစ်ဘက်ကို မျှမျှတတရှုမြင်ဖို့- စပြီးတော့ ဖြစ်လာရတဲ့အကျိုးဆက်ကို မျှမျှတတကြည့်တတ်ဖို့ အရေးကြီးတယ်။ ဒါမျိုးကသာ စစ်မှန်တဲ့ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေရဲ့အလုပ်ဘဲ။ စစ်မှန်တဲ့ခေါင်းဆောင်ဆိုတာ ကိုယ်ပိုင် စိတ်ခံစားမှုကို ဦးစားမပေးဘဲ ပကတိအနေအထားကို ရှုမြင်တတ်မှ ခေါင်းဆောင်မည်တယ်။ ဒီတော့ ခင်ဗျားတို့တာဝန်ရှိတဲ့ ဗမာအာဏာပိုင်တွေက မကာကွယ်ပေး၊ တာဝန်မဲ့နေရင်တော့- ရခိုင်တွေဟာ သူတို့ရဲ့ အမျိုးသားရေးလက္ခဏာကို သူတို့ဟာသူတို့ ကာကွယ်တာဟာ တရားတယ်လို့မြင်တယ်။
ဒါဟာ ရခိုင်တွေအများစုရဲ့ ခံယူချက်နဲ့အမြင်ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။
ဒီတော့- ကျုပ်တို့ရဲ့ အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ ဒီဘင်္ဂလီမူဆလင်တွေ အဆမတန်ဝင်ရောက်အခြေချလာမှုအရေးကို အရေးတကြီးကိုင်တွယ်ဖြေရှင်းပေးဖို့သက်ဆိုင်ရာ ဗမာအာဏာပိုင်များကိုတောင်းဆိုတယ်။ ဒီအရေးဟာ ရခိုင်တမျိုးသားတည်းနဲ့သာ သက်ဆိုင်တဲ့ ကိစ္စမဟုတ်ပဲ- အနာဂတ်မြန်မာတပြည်လုံးအတွက်ပါ အရေးတကြီးကိုင်တွယ်ရမဲ့ကိစ္စဖြစ်တယ်။ ဒီလိုသာ ပြဿနာအရင်းခံကို မကိုင်တွယ်မဖြေရှင်းဘဲ စောင့်ပြီး ဆက်ကြည့်နေမယ်ဆိုရင် မြန်မာတပြည်လုံးအတွက် အနာဂတ်အန္တရယ် ဖြစ်လာမှာ မလွဲဧကန်ဖြစ်တယ်။ ဒီတော့ ဒီ ရိုဟင်ဂျာအမည်ခံတဲ့ ဘင်္ဂါလီမူဆလင်အရေးကို သက်ဆိုင်ရာ အာဏာပိုင်တွေ အမြော်အမြင်ကြီးကြီးနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ အထူးလိုအပ်နေကြောင်း အလေးအနက်တိုက်တွန်းလိုတယ်။
ထိုနည်းတူ အထူးသဖြင့် ပြည်ပ သတင်းဌာန VOA.BBC.RFA စသည်ဖြင့် တခြားသောသတင်းဌာနတွေမှာ တာဝန်ယူလုပ်ကိုင်နေကြသူတွေရော- တခြားတခြားသော လူပုဂ္ဂိုလ်တွေ၊ သိပါလျှက်နဲ့ မိမိတို့ရဲ့ ရပ်တည်ရေးအဆင်ပြေဖို့အတွက် အမျိုးသားရေး လက္ခဏာကို မှေးမှီအောင် လုပ်နေကြသူတွေပါမကျန် - မမြဲတဲ့တရားသဘောကို နားလည်သဘောပေါက်ပြီးတော့ နိုင်ငံရေးမည်သော အမျိုးဘာသာ သသနာကို ကာကွယ်တဲ့ ရပ်တည်မှုမျိုးနဲ့သာ ပြောင်းလဲရပ်တည်သင့်ကြောင်း ထောက်ပြ အကြံပြုအပ်ပါတယ်။
သတင်းများ
နိုင်ငံရေးသမားတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ
၁။ ရှေ့မရောက်လို့ အမျိုးမျိုး အပြစ်တင်နေကြပြီး နောက်ကိုပဲ ပြန်သွားဖို့ စဉ်းစားနေကြတာ ဘာကြောင့်ပါလဲ???
၂၊နိုင်ငံရေးသည် လူတိုင်းနှင့်ဆိုင်သည် ဟု ပြောသော ဒေါ်အောင်ဆန်းစုကြည်က အသက် ၄၂ နှစ်ကျော်မှာ နိုင်ငံရေး စလုပ်တာ ဘာကြောင့်ပါလဲ???
၃။အကျယ်ချုပ်ကျခံနေရသူ တစ်ဦးဖြစ်နေလျှက် ဂျွန်ရက်တော အိမ်ထဲဝင်လာတာကို ပြန်လည်းမလွှတ်၊ သက်ဆိုင်ရာကိုလည်း အကြောင်းမကြားပဲ အိမ်ထဲမှာ ခိုးပြီး တစ်ညလုံးအတူနေခဲ့ရတာလဲ??
၎။အကျယ်ချုပ်က လွတ်ခါနီးမှာ ဒေါ်စုကြည် လွတ်ရင်ဘာလုပ်မလဲ အားလုံးစိတ်ဝင်စားနေတုန်း ဒေါ်စုကြည်က twitter သုံးပါမယ်လို့ ပြောလိုက်ပါတယ်။ ဒေါ်စုကြည် twitter သုံးခြင်းက လက်တလော နိုင်ငံတော်အတွက် အရေးအကြီးဆုံး အလုပ်ကြီးများဖြစ်နေလား??? twitter သုံးခြင်းဖြင့် နိုင်ငံတော်နဲံ့ ပြည်သူအတွက် ဘာတွေလုပ်နိုင်ပါသလဲ??? အဲ့ဒီထက် ကောင်းတဲ့နည်းလမ်း တကယ် မရှိတော့တာလား??? လက်တလော နိုင်ငံရေး ပြဿနာတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းက twitter သုံးခြင်းလား???
၅။ပထမဆုံး မိန့်ခွန်းမှာ ပြည်သူ့အသံတွေ ကြားချင်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူထဲက ပြည်သူဖြစ်တဲ့ ငါးမင်းဆွေ ပြောတာကို ဘာကြောင့် မကြားချင်ရတာလဲ??? ဘာကြောင့် အကြောင်းမပြန်ရတာလဲ??? ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ က နာမည်မကြိုက်လို့ အထက်ကို မတင်နိုင်ပါဘူး လို့ ဘာကြောင့် ပြောရတာပါလဲ???
၆။နူကလီးယား လက်နက်များအပါအဝင် တစ်ချက်တည်းနှင့် လူသန်းပေါင်းများစွာကို သေစေနိုင်တဲ့ လက်နက်များထုတ်လုပ်နေသော အမေရိကန်နိုင်ငံကို မြေမြုပ်မိုင်းလေးတွေ လုပ်တာ တားမြစ်ဖို့ ဒေါ်စုကြည်က ဘာကြောင့် တိုက်တွန်းခိုင်းရတာလဲ???
၇။NLDအပါအဝင် ပါတီအားလုံး မှတ်ပုံမတင်ရင် ပျက်မယ်ဆိုတာ သိသိကြီးနဲ့ ပျက်ချိန်ကို သုံးလကြာအောင် ထိုင်စောင့်နေခဲ့ပြီးမှ ခုမှ ဘာလို့ NLD ပြန်ရပ်တည်ဖို့ ကြိုးစားရတာ လဲ ???
၈။ရွေးကောက်ပွဲဝင် ပါတီခေါင်းဆောင်တွေက ဒေါ်စုကြည်ရဲ့ သဘောထားကို ဆန့်ကျင်ကာ ရွေးကောက်ပွဲကိုဝင်ခဲ့တာ ဒေါ်စုကြည်နဲ့ ပါတီခေါင်းဆောင်တွေ အချင်းချင်း သိကြပါလျှက် ခုမှ သဘောထားချင်းတူပါတယ်၊ လက်တွဲပါမယ် လို့ ပြောနေကြတာ ဘာကြောင့်ပါလဲ???
၉။မီဒီယာများအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေထက် လက်တလော ဒေါ်စုကြည် ဘုရားသွားတာ၊ ဈေးသွားတာနဲ့ လေဆိပ်သွားတာကို စိတ်ဝင်တစား ဖော်ပြနေကြတာ ဘာကြောင့်ပါလဲ???
၁၀။နိုင်ငံရေးတွင် ပါဝင်ပတ်သက်ပြီး တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီးများထက်၊ လုံးဝမပက်သတ်တော့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုမှ နိုင်ငံရေးသမားတို့ စိတ်ဝင်တစား ဝေဖန်၊ သုံးသပ်နေကြတာ ဘာကြောင့်ပါလဲ???
၁၁။တပ်မတော်တစ်ရပ်လုံး သို့ ပြောစရာစကားများ ရှိပါက စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်မှုရေးများတွင် လက်ရှိ လုံးဝ ပက်သတ်မှုမရှိတဲ့ ရုရှားရောက် ပညာတော်သင် အရာရှိများသို့သာ ဦးတည် ပြောနေကြတာဘာကြောင့်ပါလဲ???
၁၂။မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲကြပြီး ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင်နေကြတာဘာကြောင့်ပါလဲ???
၁၃။ဆွေးနွေးညှိနိုင်းမှုကို လိုလားကြောင်း ပြောနေကြပြီး ဆွေးနွေးညှိနိုင်းရင်း အသာစီးမရင် ညစ်ညမ်းတဲ့ အသုံးအနှုံးတွေနဲ့ ဆဲရေးတိုင်းထွာကြတာဘာကြောင့်ပါလဲ???
၁၄။သံဃာဖြစ်ပြီး သံဃာနဲ့မဆိုင်တဲ့ အလုပ်ကိုမှ လုပ်နေသူ သံဃာတွေနဲ့ အနုပညာရှင်ဖြစ်ပြီး အနုပညာနဲ့မဆိုင်တဲ့ အလုပ်ကို လုပ်နေတဲ့သူတွေကိုမှ နိုင်ငံရေးသမားတို့ ချီးကျူးလေးစားနေကြတာ ဘာကြောင့်ပါလဲ???
၁၅။အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ကြပြီး တဖက်မှာ တစ်နိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???
၁၆။ဒေါ်စုကြည်နဲ့ သူ့သားနဲ့ တွေ့ချိန်မှာ မုဒိတာတွေ ပွား ကိုယ်ချင်းစာနိုင်ပြီး ရှေ့တန်းရောက် တပ်မတော်သားတွေရဲ့ အိုးအိမ်နဲ့ ၁၀ နှစ် ၁၅ နှစ် စွန့်ခွာခဲ့ရတာကို ကိုယ်ချင်း မစာနိုင်တာဘာကြောင့်လဲ???
၁၇။တစ်ဖက်မှာ စစ်ပွဲကြောင်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ရိုက်ပြပြီး နောက်တစ်ဖက်မှာ စစ်ပွဲ အတွန့်ရှည်ဖို့အတွက် အကူညီပေး၊ အလှူခံ ပံ့ပိုးတဲ့ အလုပ်တွေကို မျက်နှာပြောင်တိုက် လုပ်နေကြတာ ဘာကြောင့်ပါလဲ???
၁၈။တစ်ဖက်မှာ နှစ်သက်သောသူကို အမေတပ်ခေါ်နေပြီး နောက်တစ်ဖက်မှာ မနှစ်သက်တဲ့သူကို တိရစ္ဆာန်အမျိုးမျိုးနာမည်တွေနဲ့ ခိုင်းနှိုင်းရိုင်းစိုင်းနေတာ ဘာကြောင့်ပါလဲ???
၁၉။တစ်ဖက်မှာ နိုင်ငံတော် တိုးတက်ဖို့ ပညာတက်၊ လူငယ်တွေ အများကြီး လိုတယ်ပြောနေပြီး၊ တစ်ဖက်မှာ ဒုတ်ကောက်နဲ့ လမ်းလျှောက်နေကြရတဲ့ အဘိုးကြီးတွေကပဲ ထိုင်ခုံပြည့်ယူထားတာ ဘာကြောင့်ပါလဲ???
၂၀။စက်တင်ဘာ တော်လှန်ရေး(ခေါ်) ဘုန်းကြီးဆူပူမှုမှာ ဦးဆောင်တဲ့ ဘုန်းကြီးတွေက စကားဝဲတဲ့ တိုင်းရင်းသားတွေ ဖြစ်နေတာ ဘာကြောင့်ပါလဲ???
၂၁။သတင်းထောက်တွေ သတင်းယူတာကို ဆူပူကြိမ်းမောင်လွှတ်တဲ့ NLD ရုံးက အစောင့်တွေအကြောင်းကို
အကျယ်တဝင့် မပြောပြကြပဲ မသိဟန်ဆောင်နေကြတာ ဘာကြောင့်ပါလဲ???
၂၂။တစ်ဖက်မှာ ကမ္ဘာက ထုတ်ပြန်တဲ့ ဘာသာရေးနဲ့ စီးပွားရေး အဆင့်သက်မှတ်ချက်တွေမှာ မြန်မာနိုင်ငံ နိမ့်ကျသွားတာကို အသံကျယ်ကျယ် အော်နေပြီး၊ နောက်တစ်ဖက်မှာ ဘာသာရေးလုပ်နေတဲ့ ဘုန်းကြီးတွေကို ဘာသာရေး စိတ်မဝင်စားအောင်၊ စီးပွားရေး အေးအေးချမ်းချမ်းလုပ်နေတဲ့ ပြည်သူတွေ လှုပ်လှုပ်ရွရွဖြစ်ပြီး ကုန်ဈေးနှုံးတက်အောင် လုပ်နေကြတာ ဘာကြောင့်ပါလဲ???
၂၃။တစ်နေရာရာမှာ ဗုံးပေါက်ပါက ချက်ခြင်း တစ်ယောက်တစ်ပေါက်ဖြင့် အမျိုးမျိုး အစိုးရကို လက်ညိုးထိုးကြ၊ ဗုံးပေါက်သဖြင့် အလွန် ရက်စက်ကြမ်းကြုပ်ကြောင်းရေးသားကြပြီး အစိုးရအတိုက်အခံ အဖွဲ့အစည်းတစ်ခုခုက ဖောက်ကြောင်း အဖြေပေါ်ချိန်တွေ လှိုက်လှိုက်လှဲလှဲထောက်ခံပြီး နောက်တစ်ကြိမ်ဆိုလျှင် အစိုးရနေအိမ်များကို ဖောက်ရမည်ဟု ကြွေးကြော်ကြတာ ဘာကြောင့်ပါလဲ???
၂၄။တစ်ဖက်မှာ လက်နက်ကိုင်မှုနဲ့ အကြမ်းဖက်မှုကို ရှုံ့ချကြပြီး ဒေါ်စုကြည်ကို ကန့်ကွက်သည့်တစ်ယောက်အား လိပ်စာပေးကြ၊ လုပ်ကြံခိုင်းကြနှင့် အားပါးတရ အာပေးနေကြတာ ဘာကြောင့်ပါလဲ???
၂၅။တစ်ဖက်မှာ နေ့စဉ်နှင့်အမျှ ဆူပူကြဖို့၊ သူရဲပေါမကြောင်ဖို့ သူရဲကောင်း တစ်ဦးပမာ လှုံ့ဆော်ရေးသားနေသော်လည်း တစ်ဖက်မှာတော့ မိမိနာမည်နှင့် နေရပ်လိပ်စာအမှန်ကိုတောင် ဖော်ပြဖို့ဝန်လေးကြ၊ အသိမခံရဲဖြစ်နေကြသည်မှာ ဘာကြောင့်ပါလဲ???
၂၆။တစ်ဖက်မှာ ကမ္ဘာ့အလည်မှာ အထင်သေးခံရသဖြင့် မကျေနပ်ကြောင်း ရေးကြသော်လည်း၊ တစ်ဖက်မှာတော့ ကိုယ့်နိုင်ငံအကြောင်း အထင်ကြီးစရာတွေကို ကမ္ဘာသိအောင် ဘာတစ်ခုမှ မတင်သည့်အပြင် ကိုယ်တိုင်က အထင်သေးစရာ ဓာတ်ပုံများနှင့် ဗွီဒီယိုဖိုင်များကိုသာ တင်နေကြတာ ဘာကြောင့်ပါလဲ???
၂၇။အွန်လိုင်း၊ ဘလော့နဲ့ facebook တွေပေါ်မှာ အန်တီစု၊ အန်တီစုဆိုပြီး တအားချစ်ပြနေကြသူတွေ၊ အကျယ်ချုပ်ကျတုန်းက ကိုယ်ချင်းစာသနားနေကြသူတွေက ခု လို လွတ်လပ်သွားချိန်မှာ ကိုယ်တိုင် သွားမတွေ့ကြပဲ အင်တာနက်ပေါ်ကပဲ ဓာတ်ပုံကြည့် စုတောင်းပေးနေကြတာ ဘာကြောင့်ပါလဲ???