ဘယ်တော့မှ အရှုံးမပေးနဲ့
ငယ်ငယ်တုန်းက ခလုတ်တိုက်လဲကျတဲ့ အခါဘေးဘီမှာ လူရှိမရှိ ကြည့်တတ် တယ်လူရှိရင် ငိုတယ် လူမရှိရင် လဲနေရာက ထတယ်။
ကြီးလာတော့ စိတ်မပျော်ရွှင်တာနဲ့ ကြုံတဲ့အခါဘေးဘီမှာ လူရှိမရှိ ကြည့်တတ်ပြန်တယ် လူရှိရင် လဲနေရာကထတယ်လူမရှိရင် ငိုလိုက်တယ်။

သင်ဘာကို ရွေးမလဲ
တကယ်လို့ ရွေးချယ်စရာရှိရင် အကောင်းဆုံးကို ရွေးချယ်မယ်
တကယ်လို့ ရွေးချယ်စရာမရှိဘူးဆိုရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်
အောင်မြင်မှုထက် ကျရှုံးမှုကို အကြိမ်ကြိမ် ခံစားရတဲ့ သူတွေအဖို့ မျှော်လင့်ချက် နဲ့ ရွေးချယ်မှုဟာ ဘာဖြစ်မလည်း

လိုအပ်ချက်.....
ဘဝတွင်ကြိုးစားရုန်းကန်ခြင်းသည် ကျွန်တော်တို့အတွက် ရှိသင့်သည်။ အကယ်၍လာကကြီးတွင်လုပ် လိုက် သမျှအရာတိုင်း အဆင်ပြေ ချောမွေ့နေလျှင် ၊ လိုချင်သမျှ အလွယ်တကူဖြစ်အောင် ဖန်တီး ပေးထားလျှင် ကျွန်တော်တို့သည် ကြိုးစားချင်မည်မဟုတ်၊ ဘဝသည် ကြီးပြင်း ရင့်ကျက်လာမည် မဟုတ်ပေ။ အခက်အခဲ၊ ဆုံးရှုံးမှုများကြား ကြိုးစားရုန်းထွက်ခြင်းသည် ဘဝ၏အောင်မြင်မှုအတွက် အကောင်းဆုံး အတွေ့အကြုံ ပင်ဖြစ်သည်။
ကြံ့ခိုင်သန်မာခြင်း
တခြား လူတွေနဲ့ မနှိုင်းယှဉ်ပါဘူး ဒါပေမယ့် ကိုယ့်ကိုယ်ကိုကျော်လွန်နိုင် ဖို့ တောင်းဆိုပါတယ်။
ငိုမယ်ဆို အားရပါးရငိုလိုက် ခံစားရသမျှ ပေါက်ကွဲ ထွက်စေ။
ရယ်မယ်ဆို လွတ်လွတ်လပ်လပ် ရယ် လိုက် ကြီးပြင်းရင့်ကျက်တဲ့ လက္ခဏာ အထင်းသား ပေါ်စေ။
မျက်ရည်နဲ့ ဒီကနေ့ကို မုန်းနေမယ့်အစား ချွေးစက်နဲ့ ဒီကနေ့ကို ရုန်းကန်လိုက်ပါ မျက်ရည်တွေကုန်ခမ်းသွားတဲ့ အခါကျန်ရှိနေခဲ့ သင့်တာက "ကြံ့ခိုင်သန်မာခြင်း"ပဲဖြစ်တယ်။

ဆန့်ကျင်ဘက်များ.....
နာမည်ကြီးတိုင်း အသိပညာရှိသူ မဟုတ်ဘူး အမိန့်အာဏာတိုင်း အမှန် တရား မဟုတ်ဘူး။
ငွေကြေးတိုင်းပျော်ရွှင်မှုပေးနိုင် တာမဟုတ်ဘူး ။ ကတိစကားတိုင်း ရိုးသားဖြောင့်မတ်တာ မဟုတ်ဘူး ။
ဝေဖန်တိုင်းတိုက်ခိုက်တာမဟုတ်ဘူး။မျက်နှာချိုသွေးတိုင်း လေးစားတာမဟုတ်ဘူး ။
ခယတိုင်း သစ္စာရှိတာမဟုတ်ဘူး ။နားဝင်ချိုစကားတိုင်း အချစ်မဟုတ်ဘူး ။
ပြုံးရယ်တဲ့မျက်နှာတိုင်း ခင်မင်ရင်းနှီးတာမဟုတ်ဘူး ။စောင့်ဆိုင်းတယ်ဆိုတိုင်း ရူးရူးမူးမူးချစ်တာ မဟုတ်ဘူး။

စွန့်လွှတ်ခြင်း
စိတ်ရှုပ်တဲ့အခါ အပြင်ထွက် လမ်းလျှောက်ပါ မတူတဲ့ရှုခင်းတွေ ကို တွေ့မြင်ခံစားပါ မတူတဲ့လူ၊ အရာတွေကို ထိတွေ့ဆက်ဆံပါ တကယ်တော့ သင့်စိတ်ရှုပ်စရာ
တွေက မပြောပလောက်ဘူးဆို တာကို သင်သတိထား မိလာပါ လိမ့်မယ်။
ဘ၀မှာကြုံတွေ့ရတဲ့ ရှုပ်ထွေးမှုတွေဟာ တကယ်လက်တွေ့ဖြတ်
ကျော်တဲ့အခါ အသေးအမွှားလေးပါလားဆိုတာ သိလာပါလိမ့်မယ်။
.